Skip to main content

အမြစ်ပွားဆေး (အမြစ်သန်ဆေး )

အမြစ်ပွားဆေး (အမြစ်သန်ဆေး )
=======================

အမြစ်ပွားဆေးကိုဘယ်နေရာတွေမှာသုံးဘဲဆိုရင် အကိုင်းကူး! အကိုင်းဆက် အပင်အမြစ်အားဆေး အဖြစ်လည်း သုံးနိုင်ပါတယ်။ စိုက်ခင်းနဲ့ သစ်ပင်တွေကိုလည်း အားဆေး မြေသြဇာ အနေနဲ့ သုံးနိုင်ပါတယ်။

အမြစ်ပွားဆေးလုပ်ရတာ လွယ်ပါတယ။

်လိုအပ်သောပစ္စည်းများ

(1) စိမ်းစားငပိ (ပုစွန်ငါးပိ မြိတ်ငပိခေါ် ဂွေးငပိပါ)         ထမင်းစားဇွန်းတစ်စွန်း

(2) M150 အချိုရည်တစ်ပုလင်း (မရှိပါက vitamin B12 ပါဝင်သောအချိုရည်များ  shark ကျွဲရိုင်း) တခုခုဆိုလည်း အဆင်ပြေပါတယ်။

(3) ဟင်းချက်အချိုမှုန့် လက်ဖက်စားဇွန်း တစ်ဇွန်း

ငါးပိတစ်ဇွန်းရယ် M150အချိုရည် တစ်ပုလင်းရယ် အချိုမှုန့်တစ်ဇွန်းရယ် ခွက်တစ်လုံးထဲမှာ အားလုံးရောမွှေပါမယ်။ မြစ်ပွားဆေးရပါပြီခင်ဗျ။

အသုံးပြုပုံကတော့

 အကိုင်းကူး အကိုင်းဆက်ရာမှာ သုံးမယ်ဆိုရင်တော့ အထက်ဖော်ပြပါ ရောသမွှေပြီး ရလာတဲ့အရည် ထမင်းစားတစ်ဇွန်းကို ရေတစ်လီတာလောက်နဲ့ စပ်လိုက်ရင်တော့ အသုံးပြုနိုင်ပါပြီ။

စိုက်ခင်း ဒါမှမဟုတ် အပင်ကို အမြစ်သန် အားဆေး အနေနဲ့ သုံးချင်ရင်တော့ အထက်ပါ ဖျော်စပ်ပြီးရလာတဲ့ အရည် ထမင်းစားတစ်ဇွန်းကို ရေငါးလီတာနှုန်းနဲ့ ရောပြီး လောင်းနိုင်ပါတယ်။
အသုံးပြုပုံက တစ်ယောက်နဲ့တစ်ယောက် မတူတော့ ကိုယ်သုံးတာပေါ် မူတည်ပြီး အချိန်အဆ ညှိပြီး သုံးနိုင်ပါတယ်။

အပင်အားလုံးအတွက် အသုံးပြုနိုင်ပါတယ်။ အကိုင်းကူးမယ်ဆိုရင်တော့ အကိုင်းကူးမယ့်ဓားခြစ်ထားတဲ့ နေရာကို စုပ်တံလေးနဲ့ သုတ်ပေးနိုင်ပါတယ်။

အဆင်ပြေကြပါစေ။

Credit win myint

အိမ်တွင်ပြုလုပ်နိုင်သော အမြစ်သန်ဆေး
==============================

အမြစ်ထွက်ဆေးဆိုသည်မှာ သစ်ပင်များကို အမြစ်များလျင်မြန်စွာသန်မာ ထွက်ပေါ်စေသည့် ဓာတုကွန်ပေါင်းတစ်မျိုး ဖြစ်ပါသည်။ အဓိကအားဖြင့် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ၀ါဂွမ်း၊ ပျိုးပင်ငယ်၊ ပန်းမံ၊ ဆေးဝါးစသည့် စီးပွားဖြစ်ကောက်ပဲ သီးနှံများ၏ ပျိုးထောင်ခြင်း၊ ပျိုးပင် ခွဲခြားခြင်း၊ ပျိုးပင်ပြောင်းရွှေ့ခြင်း၊ နေရာချစိုက်ပျိုးခြင်းစသည့်အချိန်များတွင် အသုံးပြုနိုင်ပါသည်။ အမြစ်သန်ဆေးပြုလုပ်နည်းများ မိတ်ဆက်ပေးသွားမည်ဖြစ်ပါသည်။

ဆန်ရှာလကာပျော်ဝင်ရည်
*****************************
အရည်အသွေးမြင့်သောဆန်ရှာလကာရည်ကိုရွေးချယ်ပြီး ရေအေးဖြင့် ၁း ၁၀၀ အချိုးစပ်ကာ ဆန်ရှာလကာ ရည်ပျော်ဝင်ရည်ကိုပြုလုပ်ရမည်ဖြစ်သည်။ စပျစ်ပင်စသည့် ကိုင်းဖြတ်မျိုးပွားသည့် အပင်များ၏ သစ်ကိုင်းများကို စိမ်ထားရန်ပိုမိုသင့်တော်ပြီး အသုံးပြုစဉ်တွင် သစ်ကိုင်း အောက်ပိုင်း ကို(၈)နာရီမှ(၁၂)နာရီအထိစိမ်ထားခြင်းအားဖြင့် ထိုသစ်ကိုင်းများကို ပင်ပိုင်းဖြတ်ပွားနိုင်ပြီဖြစ် ပါ သည်။ ဤသို့ပြုလုပ်ခြင်းအားဖြင့် အပင်၏အသက်ရှင်နှုန်းကိုမြှင့်တင်နိုင်ပြီး ပင်ပိုင်းဖြတ်ပွားသည့် ပျိုးပင်များကို ပိုမိုကြီးထွားသန်မာစေနိုင်မည်ဖြစ်ပါသည်။

အက်စပရင်ပျော်ဝင်ရည်
***************************
 အက်စပရင် ၀.၀၁%ပါဝင်သော ပျော်ဝင်ရည်အတွင်းသို့ ကိုင်းဖြတ်စိုက်ပျိုးမည့် သစ်ကိုင်းကို စိမ်ထားခြင်းအားဖြင့် အညှောက်ထွက်နှုန်းကို မြန်ဆန်စေနိုင်မည်ဖြစ်ပြီး အက်စပရင် ၀.၀၅% ပါဝင်သောပျော်ဝင်ရည်အတွင်းသို့စိမ်ထားပါက ပျိုးပင်ကြီးထွားမှုကာလကို တိုတောင်းစေရန် လျော့ချပေးနိုင်မည်ဖြစ်သည့်အပြင် ပျိုးပင်ခြောက်သွေ့ခြင်းကိုကာကွယ်တားဆီးနိုင်မည်ဖြစ်ကာ ကြီးထွားရှင်သန်မှုကိုလည်း မြှင့်တင်ပေးနိုင်မည်ဖြစ်ပါသည်။

ဗီတာမင်B12ပျော်ဝင်ရည်
*****************************
ဆေးကုသရာတွင်အသုံးပြုသော ဗီတာမင်B12 နှင့် တစ်ဆများသောရေအေးကို ထည့် မွှေလိုက်ပြီး သစ်ကိုင်းကို အောက်ပိုင်းတွင်ညှပ်ဖြတ်လိုက်ကာ ထိုပျော်ဝင်ရည်ထဲသို့ (၅) မိနစ်ကြာ ထည့်ပြီး နောက် ကိုင်းဖြတ်စိုက်ပျိုးပါက အမြစ်ကြီးထွားရှင်သန်မှုကိုမြှင့်တင်ပေးနိုင်မည့်အပြင် တစ်သျှူးများ ကိုလည်း ပြန်လည်ပျောက်ကင်းစေရန်ကုသပေးနိုင် မည်ဖြစ်ပါသည်။

မိုးမခပင်ကိုင်းအရည်
************************
မိုးမခပင်ကိုင်းအရည်သည်လည်း သစ်ပင်များကြီးထွားစေရန်အတွက် ကောင်းမွန်ပါသည်။ မိုးမခပင်၏အရည်ထဲတွင် ကြီးထွားမှုဟော်မုန်းပါဝင်သောကြောင့် ထိုအရည်ကိုအသုံးပြုပါက အပင် ကိုထိခိုက်မှုမရှိစေနိုင်သည့်အပြင် အမြစ်များကိုလည်း လျင်မြန်စွာ သန်မြန်ထွက်လာစေနိုင်မည် ဖြစ်ပါသည်။
လုပ်ပုံလုပ်နည်း - မိုးမခပင်၏အကိုင်းအခက်နှင့်အရွက်များကို အခြောက်လှန်းပြီး အကိုင်းအခက် များကို တူဖြင့်ကြေ အောင်ထုကာ ရေထဲတွင်စိမ်ထားရမည်။ တစ်ရက်ကြာပြီးနောက် အကိုင်းအ ခက်နှင့်အရွက်များကို ဆယ်လိုက်ပါက ကျန်ရှိသောအရည်မှာ မိုးမခပင်ရည်ပင်ဖြစ်ပါသည်။ ဒုတိယ နေ့တွင် ကိုင်းပိုင်းဖြတ်ပွားမည့်အကိုင်းကိုထိုရေထဲတွင် တစ် ရက်ခန့်စိမ်ထားကာ (အချိန်ကြာ သွားလျှင်လည်း ပြဿနာမရှိပါ၊ အဘယ်ကြောင့်ဆိုသော် မိုးမခရည်၏ပါဝင်ပစ္စည်းမှာ ပိုးမွှား ရှင် သန်ကြီးထွားစေမှုကို တားစီးနိုင်သောကြောင့် ဖြစ်သည်။) ပုံမှန်အတိုင်းစိုက်ပျိုးပေးရမည်ဖြစ်သည်။ ဤကဲ့သို့ပြုလုပ် ခြင်းအားဖြင့် အမြစ်ထွက်မှုကိုလျင်မြန်စေနိုင်မည့်အပြင် အပင်ရှင်သန်ကြီးထွားစေ မှုအတွက်

Comments

Popular posts from this blog

⁠နှင်းဆီပင် စိုက်ပျိုးနည်း

⁠နှင်းဆီပင် စိုက်ပျိုးနည်း ================ ⁠နှင်းဆီ အဖူး⁠တွေ မပွင့်လျှင် ————————— တခါတရံ ⁠နှင်းဆီဖူးများ ပွင့်အာမလာဘဲေ⁠ခြာက်⁠သွေ့သွားသည်ကို ⁠ကြုံ⁠တွေ့ရတတ်သည်။ ယင်းသို့ ⁠ဖြစ်ရ⁠ခြင်းမှာ အပင်ဖူးထဲတွင်   ⁠နိုက်ထရိုဂျင်ဓာတ်များလွန်းကာ အပင်သန်⁠ပြီး အပွင့်အားနည်းသွားရ⁠ခြင်း⁠ဖြစ်သည်။ အများအား⁠ဖြင့် အပင်ဖူးငုံဆဲအချိန်တွင် ⁠နှမ်းဖတ်ရည်၊   ⁠နိုက်ထရိုဂျင်ဓာတ်များစွာပါဝင်သည့် ဓာတ်ဆားကဲ့သို့⁠သော ဓာတ်ေ⁠မြ⁠သြဇာများ ⁠လောင်း⁠သောေ⁠ကြာင့် ⁠ဖြစ်သည်။   ⁠နှင်းဆီဖူးခါ⁠နှီးတွင် ၄င်းေ⁠မြ⁠သြဇာများကို မ⁠လောင်းသင့်ပါ။ အကိုင်းပျိုး⁠ထောင်ပုံ ——————– ⁠နှင်းဆီကိုင်းများကို ⁠ဖြတ်၍ ပျိုး⁠ထောင်ရာတွင် အရွက်⁠နုက⁠လေးများ ထွက်လာ⁠ပြီးမှေ⁠ခြာက်၍⁠သေသွားသည်ကို မ⁠ကြာခဏ⁠တွေ့ရတတ် သည်။ ယင်းသို့⁠ဖြစ်ရ⁠ခြင်းမှာ အများအား⁠ဖြင့် ⁠ဖြတ်စိုက်သည့်အကိုင်းမှာ ရင့်လွန်း⁠သောေ⁠ကြာင့် အ⁠မြစ်အထွက်မီ အကိုင်း၏ အင်းအား⁠ဖြင့် ရွက်⁠နုက⁠လေးများ ထွက်လာ⁠ခြင်း⁠ဖြစ်သည်။ ⁠နောက်အကိုင်း၏ အင်အားကို အ⁠မြစ်က မလိုက်⁠နိုင်⁠သောေ⁠ကြာင့်ေ⁠ခြာက်⁠သွေ့⁠ပြီး  ⁠သေသွား သည်။ ထို့ေ⁠ကြာင့် ⁠နှင်းဆီးကိုင်း⁠ရွေးချယ်ရာတွင်   ...

#နှင်းဆီပန်း

#နှင်းဆီပန်း ========= စိုက်ပျိုးနည်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင်းဆီ အပင်တွေကို  နေ့စဉ် နံနက်ပိုင်းတွေမှာ ပုံမှန်ရေလောင်း ပေးသင့်ပါတယ်။ နောက် အကိုင်းများ ခြောက်လာလျှင် သော်လည်းကောင်း၊ မသန်မာသော အကိုင်းများကို လည်းကောင်း၊ အပင်ပွားများ သေသွားလျှင်သော်လည်းကောင်း ရှင်းလင်းခုတ်ထွင်ပစ်ရပါမယ်။  ကတ်ကျေး ကဲ့သို့ဖြတ်တောက်ကိရိယာကို ထက်ရှအောင် ပြုလုပ်ထားသင့်ပါတယ်။ ပင်စည်ကြီးတာတွေ ဖြတ်တောက်ဖို့အတွက် (purning saw) ပေါင်းရှင်းလွှသေးသေးတစ်လက်လည်း ဆောင်ထားသင့်ပါတယ်။ ဖြတ်တောက်ပြီးသော အကိုင်းများကို အကောင်များတတ်ခြင်း၊ နှင်းဆီ ပိုးကျခြင်းများမှ ကာကယ်ရန် အရက်ပျံဆွတ်ဖြန်းပေးထားသင့်ပါတယ်။  အကိုင်းဖြတ်တောက်ခြင်းကို နှစ်စဉ် အပွင့် ခူးပြီးမှာ ပြုလုပ်သင့်ပါတယ်။ အပင်ခြုံကို ကန်လန့်ဖြတ်နေသော အကိုင်းများကိုလည်း ဖြတ်တောက်သင့်တယ်။ ထိုကိုင်းများကိုရှင်းခြင်းဖြင့် အပင်ခြုံအတွင်း လေနှင့်နေ ဖြတ်သန်းဖို့ ကောင်းစွာ နေရာရစေမှာပါ။      ဖြတ်တောက်ရာမှာလည်း အတိမဖြတ်ပဲ စွေစောင်းစောင်းကို အပင်ရဲ့ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး ဖြတ်တောက်ပေးပါ။ ဒါမှာသာ နောက်ပိုင်းထွက်လာမည့် အကိုင်းအသစ်တေ...