နှင်းဆီပင် စိုက်ပျိုးနည်း ================ နှင်းဆီ အဖူးတွေ မပွင့်လျှင် ————————— တခါတရံ နှင်းဆီဖူးများ ပွင့်အာမလာဘဲ ခြောက်သွေ့သွားသည်ကို ကြုံတွေ့ရတတ်သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ အပင်ဖူးထဲတွင် နိုက်ထရိုဂျင်ဓာတ်များလွန်းကာ အပင်သန်ပြီး အပွင့်အားနည်းသွားရခြင်းဖြစ်သည်။ အများအားဖြင့် အပင်ဖူးငုံဆဲအချိန်တွင် နှမ်းဖတ်ရည်၊ နိုက်ထရိုဂျင်ဓာတ်များစွာပါဝင်သည့် ဓာတ်ဆားကဲ့သို့သော ဓာတ်မြေသြဇာများ လောင်းသောကြောင့် ဖြစ်သည်။ နှင်းဆီဖူးခါနှီးတွင် ၄င်းမြေသြဇာများကို မလောင်းသင့်ပါ။ အကိုင်းပျိုးထောင်ပုံ ——————– နှင်းဆီကိုင်းများကို ဖြတ်၍ ပျိုးထောင်ရာတွင် အရွက်နုကလေးများ ထွက်လာပြီးမှ ခြောက်၍သေသွားသည်ကို မကြာခဏတွေ့ရတတ် သည်။ ယင်းသို့ဖြစ်ရခြင်းမှာ အများအားဖြင့် ဖြတ်စိုက်သည့်အကိုင်းမှာ ရင့်လွန်းသောကြောင့် အမြစ်အထွက်မီ အကိုင်း၏ အင်းအားဖြင့် ရွက်နုကလေးများ ထွက်လာခြင်းဖြစ်သည်။ နောက်အကိုင်း၏ အင်အားကို အမြစ်က မလိုက်နိုင်သောကြောင့် ခြောက်သွေ့ပြီး သေသွား သည်။ ထို့ကြောင့် နှင်းဆီးကိုင်းရွေးချယ်ရာတွင် ...