နှင်းဆီပင် စိုက်ပျိုးနည်း ================ နှင်းဆီ အဖူးတွေ မပွင့်လျှင် ————————— တခါတရံ နှင်းဆီဖူးများ ပွင့်အာမလာဘဲ ခြောက်သွေ့သွားသည်ကို ကြုံတွေ့ရတတ်သည်။ ယင်းသို့ ဖြစ်ရခြင်းမှာ အပင်ဖူးထဲတွင် နိုက်ထရိုဂျင်ဓာတ်များလွန်းကာ အပင်သန်ပြီး အပွင့်အားနည်းသွားရခြင်းဖြစ်သည်။ အများအားဖြင့် အပင်ဖူးငုံဆဲအချိန်တွင် နှမ်းဖတ်ရည်၊ နိုက်ထရိုဂျင်ဓာတ်များစွာပါဝင်သည့် ဓာတ်ဆားကဲ့သို့သော ဓာတ်မြေသြဇာများ လောင်းသောကြောင့် ဖြစ်သည်။ နှင်းဆီဖူးခါနှီးတွင် ၄င်းမြေသြဇာများကို မလောင်းသင့်ပါ။ အကိုင်းပျိုးထောင်ပုံ ——————– နှင်းဆီကိုင်းများကို ဖြတ်၍ ပျိုးထောင်ရာတွင် အရွက်နုကလေးများ ထွက်လာပြီးမှ ခြောက်၍သေသွားသည်ကို မကြာခဏတွေ့ရတတ် သည်။ ယင်းသို့ဖြစ်ရခြင်းမှာ အများအားဖြင့် ဖြတ်စိုက်သည့်အကိုင်းမှာ ရင့်လွန်းသောကြောင့် အမြစ်အထွက်မီ အကိုင်း၏ အင်းအားဖြင့် ရွက်နုကလေးများ ထွက်လာခြင်းဖြစ်သည်။ နောက်အကိုင်း၏ အင်အားကို အမြစ်က မလိုက်နိုင်သောကြောင့် ခြောက်သွေ့ပြီး သေသွား သည်။ ထို့ကြောင့် နှင်းဆီးကိုင်းရွေးချယ်ရာတွင် ...
#နှင်းဆီပန်း ========= စိုက်ပျိုးနည်းနဲ့ ထိန်းသိမ်းစောင့်ရှောက်ခြင်း နှင်းဆီ အပင်တွေကို နေ့စဉ် နံနက်ပိုင်းတွေမှာ ပုံမှန်ရေလောင်း ပေးသင့်ပါတယ်။ နောက် အကိုင်းများ ခြောက်လာလျှင် သော်လည်းကောင်း၊ မသန်မာသော အကိုင်းများကို လည်းကောင်း၊ အပင်ပွားများ သေသွားလျှင်သော်လည်းကောင်း ရှင်းလင်းခုတ်ထွင်ပစ်ရပါမယ်။ ကတ်ကျေး ကဲ့သို့ဖြတ်တောက်ကိရိယာကို ထက်ရှအောင် ပြုလုပ်ထားသင့်ပါတယ်။ ပင်စည်ကြီးတာတွေ ဖြတ်တောက်ဖို့အတွက် (purning saw) ပေါင်းရှင်းလွှသေးသေးတစ်လက်လည်း ဆောင်ထားသင့်ပါတယ်။ ဖြတ်တောက်ပြီးသော အကိုင်းများကို အကောင်များတတ်ခြင်း၊ နှင်းဆီ ပိုးကျခြင်းများမှ ကာကယ်ရန် အရက်ပျံဆွတ်ဖြန်းပေးထားသင့်ပါတယ်။ အကိုင်းဖြတ်တောက်ခြင်းကို နှစ်စဉ် အပွင့် ခူးပြီးမှာ ပြုလုပ်သင့်ပါတယ်။ အပင်ခြုံကို ကန်လန့်ဖြတ်နေသော အကိုင်းများကိုလည်း ဖြတ်တောက်သင့်တယ်။ ထိုကိုင်းများကိုရှင်းခြင်းဖြင့် အပင်ခြုံအတွင်း လေနှင့်နေ ဖြတ်သန်းဖို့ ကောင်းစွာ နေရာရစေမှာပါ။ ဖြတ်တောက်ရာမှာလည်း အတိမဖြတ်ပဲ စွေစောင်းစောင်းကို အပင်ရဲ့ဆန့်ကျင်ဘက်ကို မျက်နှာမူပြီး ဖြတ်တောက်ပေးပါ။ ဒါမှာသာ နောက်ပိုင်းထွက်လာမည့် အကိုင်းအသစ်တေ...